“နူဂျုဒ်က အိမ်ထောင်ပြုဖို့ ငယ်လွန်းတယ်” လို့ မိုနာက ပြောတော့
“ငယ်လွန်းတယ်။ တမန်တော်မိုဟာမက်က အီရှာနဲ့ လက်ထပ်တော့ အီရှာက ကိုးနှစ်သမီးပဲ ရှိသေးတယ်” လို့ အဖေက ပြန်ပြောပြန်တယ်။
[ကျွန်မနာမည် နူဂျုဒ် - Giacomo စာမျက်နှာ-၅၈]
-
Nujood Ali ကို Yemen နိုင်ငံ မှာ 1998 ခုနှစ်မှာ မွေးပါတယ်။
သူမ အသက် 10 နှစ်အရွယ်မှာ 2008 February မှာ Faez Ali Thamer ဆိုသူနဲ့ အတင်းအကျပ် လက်ထပ်ပေးခြင်းခံရပါတယ်။ ဒီလို လက်ထပ်ပေးတဲ့အတွက် သူမဖခင်အနေဖြင့် YR 150,000 (US$ 750 မြန်မာကျပ်ငွေ ကိုးသိန်းကျော်ကျော်) ဝန်းကျင် ရရှိခဲ့ပါတယ်။ April 2, 2008 ရက်နေ့တွင် ထွက်ပြေးခဲ့ပြီး တရားရုံးတွင် ကွာရှင်းခွင့် တောင်းခံခဲ့ပါတယ်။ သူမရဲ့ ကွာရှင်းခွင့်ကို April 15, 2008 ရက်နေ့တွင် တရားရုံးမှ ခွင့်ပြုခဲ့ပါတယ်။
Yemen အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ Afghanistan နှင့် Pakistan နိုင်ငံများရှိ တောကျေးလက်များတွင် အရွယ်မရောက်မီ အတင်းအကျပ် လက်ထပ်ပေးခြင်းများ ယခုအချိန်အထိ ရှိနေဆဲ ဖြစ်ပါတယ်။
Nujood Ali နှင့် Delphine Minoui တို့ ပူးပေါင်းရေးသားသည့် Nujood ၏ ကိုယ်တိုင်းရေး အတ္ထုပ္ပတ္တိ I am Nujood, Age 10 and Divored အား Giacomo ဘာသာပြန်ထားသော
စာအုပ်အမည် - ကျွန်မနာမည် နူဂျုဒ်
ဘာသာပြန်သူ - Giacomo
စာမျက်နှာ - ၂၀၅
အရွယ်အစား - 14.07 MB
>>Download
Tuesday, August 16, 2016
ကျွန်မနာမည် နူဂျုဒ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment